Tuesday, August 5, 2008

မုဒုံမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်း

နွယ်သာကီ

၅-၈-၀၈

မွန်ပြည်နယ် မုဒုံမြို့နယ်ကျုံပိုက်ကျေးရွာရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် အော်တို အိတ်ချိန်းရုံး အောက်ထပ် လှေကားအနီး (၃၀-၈--၈)ရက်နေ့ ညပိုင်း ၁၁၃၀ ချိန်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါပေါက်ကွဲမှုကြောင့် ရုံးလှေခါး အနီးရှိ ရုံးခမ်း ၃ ခမ်း မှ မှန်များကွဲကျပြီး အခြားထိခိုက်မှုများ မရှိကြောင်း သိရပါတယ်။ပေါက်ကွဲမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာမှာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ အနီး HighExplo Fire –TNT စာတမ်းပါ အရှည်(၁) ပေခန့်ရှိ ယမ်းထုတ် ၄ ထုတ် ၊ ဆီစိမ် စက္ကူဖြင့် ပတ်ထားသော အရှည် ၁၀ လက်မ ခန့်ရှိ ယမ်းပျော့ (၁၁)ထုတ် နှင့် ၉၁ မမ လက်ပစ်ဗုံး စနက်တံ ၂ချောင်း ၊ စနစ်တံမပါ လက်ပစ်ဗုံး တစ်လုံး ၊ အရှည် ၆၀ ကိုက်ရှိ နီ/မဲ ၀ါယာကြိုးရှည် တို့ကို တွေ့ရှိရမိပါတယ်။

အဆိုပါ ပစ္စည်းများပေါင်းစပ်ပြီး ပေါက်ကွဲမှု ကြီးကြီးမားမား ပါသာ ဖြစ်ပေါ်ခဲ့ပါက ရုံး အပြင် ရုံးအနီးဝန်းကျင်ရှိ ရပ်ကွက်အတွင်း ရှိနေအိမ်များပါ ပေါက်ကွဲမှုဒဏ် ခံရမှာဖြစ်ပါတယ်။ ဒီလို သာပေါက်ကွဲပါက သေဆုံးမည့်သူများမှာလည်း မတွေ့ဝံ့စရာပင် ဖြစ်ပါတယ်။ အဖျက်သမား သောင်းကျန်းသူများအနေဖြင့် ၄င်းတို့ လုပ်ရပ်သည် နိုင်ငံတော် အစိုးရ ကို နိုင်ငံရေး သိက္ခာကျဆင်းစေရန် ရည်ရွယ် တိုက်ခိုက်လာခြင်း မဟုတ်တော့ဘဲ အပြစ်မဲ့ ပြည်သူများကို ပါ ရည်ရွယ်တိုက်ခိုက်လာသည်မှာ ပေါ်လွင်ထင်ရှားလာပါတယ်။ ပေါက်ကွဲ မှုကြီးကြီးမားမား ဖြစ်ပေါ်လာခြင်းမရှိခြင်းမှာ နတ်ကောင်းနတ်မြတ်များ ၏ကြည့်ရှုစောင့်ရှောက်ခြင်းကြောင့် ပြည်သူလူထုအား အတိဒုက္ခ မရောက်ခဲံ့ခြင်း သာ ဖြစ်နိုင်ကြောင်းနှင့် သောင်းကျန်းသူများ၏ လုပ်ရပ်အား လုံးဝဆန့်ကျင်ရှုတ်ချကြောင်း ရေးသားလိုက်ရပါတယ်။

Monday, August 4, 2008

ဖေါက်ခွဲဖျက်ဆီးရေး သမားများ ပြည်တွင်း ၀င်ရောက်လာ၍ သတိထားရမည်

သာကီနွယ်

၎-၈-၀၈

ABSDF မှဖေါက်ခွဲဖျက်ဆီးရေးသမားများ ဖြစ်သော အောင်ကိုနိုင် (ခ) ကိုကိုနိုင် ဦးစီး အင်အား (၇)ဦးသည် ကော့ကရိတ်မြို့မှ မော်လမြိုင်မြို့သို့ ရောက်ရှိလာပြီး မော်လမြိုင်မှ တဆင့် နေပြည်တော်၌ ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ၊၄င်းတို့အဖွဲ့သည် ၂၁-၇-၀၈ ရက်နေ့တွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာပြီး ကား/ရထားလမ်းကြောင်းများမှ ၀င်ရောက်လာနိုင်ကြောင်း၊ဒါအပြင် လူစုခွဲပြီး ဘီးလင်း ၊ကျိုက်ထို ၊ညောင်လေးပင်၊ ထန်းတပင်နှင့် တောင်ငူလမ်းကြောင်းများမှလည်း ၀င်ရောက်လာနိုင်ပါသည်။ အောင်ကိုနိုင် ကျော်သီဟ ရန်နိုင် အပါအ၀င် စုစုပေါင်း (၅)ဦးသည် ကျိုက်ထို ဘူတာတွင် ရထားလက်မှတ်ဝယ်ပြီး မုပ်ပလင်မှ ထွက်ခွာလာရာ တောင်ငူ မရောက်ခင် ကြားဘူတာ တွင် ဆင်းပြီးလမ်းဆင်းလျှောက်ကာ တောင်ငူမြို့သို့ ရောက်ရှိနေကြောင်း၊အဆိုပါဖေါက်ခွဲရေးသမားများသည် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဌာနဆို်င်ရာ ရုံးများအားဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ထားပြီးယခုအခါ နေပြည်တော်သို့ ၀င်ရောက်ပြီး ဘူတာအပါအ၀င် အရေးကြီးအဆောင်အဦများ၊ လူစည်ကားရာ အရပ်များတွင် ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သတင်းရရှိထားပါတယ်။

အောင်ကိုနိုင် ရဲ့ ပုံပန်းသဏ္ဍာန် ကတော့ အသက် (၄၀)နှစ်ခန့် အရပ် (၅)ပေ ၄လက်မခန့် ၊ ဆံပင်ဂုတ်ထောက်၊ အလယ်ခွဲ၊ မျက်ခုံမွှေး ထူ/ရှည်၊ နားရွက်ကား၊မျက်နှာသွယ်ပြီး ရန်ကုန် သံလျှင်ဇာတိဖြစ်ကြောင်း သိရပါတယ်။ ကျော်သီဟ ကတော့ (၄၀)နှစ်ခန့် ဖြစ်ပြီး နှာတံပေါ်၊ မျက်နှာ လေးထောင့် မကျတကျ ဖြစ်ကာ စကားပြောနှေးသူ တစ်ဦး ဖြစ်ပါတယ်။ သက်ထွန်းဆိုသူ အခြားဖေါက်ခွဲ ဖျက်ဆီးရေးသမား တစ်ဦး ကတော့ သက်ထွန်း (၃၁)နှစ် ဖြစ်ပြီး အရပ် ၅ ပေ ၅လက်မ ခန့်ရှိပါတယ်။

၈-၈-၀၈ ရက် မတိုက်ခင် အတွင်း မြန်မာနိုင်ငံမှာ လူထုဆူပူမှု ဖြစ်အောင် လူထု အထိတ်တလန့်ဖြစ်အောင် ဒီလို ဖေါက်ခွဲ ဖျက်ဆီးရေး သမားများက ဆောက်ရွက်သွားရမည် မှာ ၄င်းတို့ ၏ သမိုင်းပေးတာဝန်တစ်ရပ် ပမာ ဖြစ်နေပြီး၊ စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့နှင့် ဟန်ချက်ညီစွာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားအောင် ဆောင်ရွက်သွားရမည်မှာ ၄င်းတို့ အဖွဲ့အစည်းများ၏ တာဝန်ပင်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။