Sunday, June 29, 2008

သတင်းမှန်သည် သို့သော် ပုံကြီးအလွန်မချဲ့သင့်

သာကီနွယ်

၂၉-၆-၀၈

ပဲခူးတိုင်း အရှေ့ပိုင်း ဒိုက်ဦး မြို့နယ်အတွင်း ရာသီစာများ ကို စားသောက်နေသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျော်စိုးမိုး နှင့် လိုင်းမန်း ကျော်လှ တို့ ၂ ဦး သည် ဆိုင်ကယ်များကိုယ်စီ စီနင်းပြီး ဒိုက်ဦး မြို့နယ်အတွင် ကြိုးဖုန်း များ အလုံး ၂၀၀ ချပေးမည့် အကြောင်း အဆိုပါဖုန်းများကို လိုင်းကြေး ၇ သိန်း ကြိုတင်ပေးရန် အတွက် တယ်လီဖုန်းလျှောက်ထားသူ ၂၀ ဦး ထံမှ ကောက်ခံသွားကြောင်း သိရပါတယ် ။ငွေကြေး တက်နိုင်တဲ့ စီးပွားရေး သမားများ အများဆုံး ရသွားပါတယ်။ ၀န်ထမ်း အခြင်းခြင်းတောင် ငွေ ၇ သိန်း မရက မလုပ်ပေးပါ။ စစ်မှုထမ်းဟောင်း ငွေ၇ သိန်းကြိုတင်ပေးရင် ရမယ် ၊ ကြံ့ခိုင်ရေး ငွေ ၇ သိန်း ကြိုတင်ပေးရင် ရမယ်။ ဘယ်ဝန်ထမ်းမဆို ငွေကြိုတင်ပေးမှ လုပ်ပေးနိုင်မယ်တဲ့ ၊ စီးပွားရေး သမား များကတော့ ငွေ ၇ သိန်းဆိုတာ မပြောပလောက်ပေမယ့် သာမာန် အစိုးရ ၀န်ထမ်းများ အနေနဲ့ ကတော့ ငွေ ၇ သိန်းဆိုတာ ၁၀ လ စာလောက်ရှိပါတယ်။ကြို ဖုန်းတွေလည်း ချပေးရော လက်ရှိ ၀န်ထမ်းအများ စုနဲ့ အငြိမ်း စား ၀န်ထမ်းအများစု ကြားမှာ ရော ကြံ့ခိုင်ရေး အဖွဲ့ဝင်များ ကြားရော လှုပ်လှုပ်လှုပ် ဖြစ်သွားပါတယ်။ ဒါကြောင့် ၂၆ -၆-၀၈ ရက်နေ့မှာ ဆက်သွယ်ရေး ရုံးရှေ့တွင် မြို့ခံလူတွေ ဆူဆူညံ့ညံ့ဖြစ်သွားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီ ပိုက်ဆံ သိန်း ကောက်သွားတဲ့ ကျော်စိုးမိုး နဲ့ ကျော်လှ တို့ ကို မကျေနပ်ကြလို့ပါ။ ခြစားနေတဲ့ ၀န်ထမ်းများကြောင့် လူထုမှ အခက်အခဲ တွေ့သော်လည်း RFA သတင်းမှာ ဖေါ်ပြထားတဲ့ အတိုင်း ကြီးကျယ်ခန်းနား စွာ မဖြစ်ပါ ။ အများဆုံးမကျေနပ်သူများက ပိုက်ဆံ ၇ သိန်း ကြိုတင် မပေးနိုင်ဘဲ သက်ဆိုင်ရာ လမ်းကြောင်းများမှ လိုက်ထားတဲ့သူများ မကျေနပ်ခြင်းသာ ဖြစ်ကြောင်းနှင့် လွဲမှားစွာ လူထုနှင့် အခြားတစ်ဖက်ကို ရန်တိုက်ပေး တက်သော RFA လေသံများ အတိုင်း ပုံကြီးချဲ့ ရေးသားထားခြင်းသာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

5 comments:

kixmoxchi said...

RFA is really new.

kixmoxchi said...

သာတီခွေး

Anonymous said...

ဟားဟားဟား

Unknown said...

အာဖက်အေ လောက် မြန်မာနိုင်ငံအကြောင်း သတင်းမှန်တာ မရှိပါဘူး။ နအဖ ရှိနေသရွေ့ ဒီလို ကလိမ်ကကျစ်မှုတွေ ဖြစ်နေအုံးမှာဘဲ။ ကမ္ဘာမှာ ကလိမ်ကကျစ်လုပ်တာ နအဖဘဲ ကျန်တော့တယ်။ မြန်မာနိုင်ငံတိုးတက်စေချင်ရင် နအဖက နေရာဖယ်ပေးရုံပါဘ၊ ရှင်းရှင်းလေးပါ။
သာတီခွေးတဲ့ ဟား ဟား ဟား

မောင်ထင် said...

အချင်းချင်းကို ရပင့်နဲ့ပေါင်းရပါတယ် ကိုယ့်လူ။မြန်မာအကြောင်းရေး ရင် မြန်မာစာလုံးပေါင်းလေးတော့ ဂရုစိုက်ကွာ။