Monday, August 4, 2008

ဖေါက်ခွဲဖျက်ဆီးရေး သမားများ ပြည်တွင်း ၀င်ရောက်လာ၍ သတိထားရမည်

သာကီနွယ်

၎-၈-၀၈

ABSDF မှဖေါက်ခွဲဖျက်ဆီးရေးသမားများ ဖြစ်သော အောင်ကိုနိုင် (ခ) ကိုကိုနိုင် ဦးစီး အင်အား (၇)ဦးသည် ကော့ကရိတ်မြို့မှ မော်လမြိုင်မြို့သို့ ရောက်ရှိလာပြီး မော်လမြိုင်မှ တဆင့် နေပြည်တော်၌ ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ၊၄င်းတို့အဖွဲ့သည် ၂၁-၇-၀၈ ရက်နေ့တွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာပြီး ကား/ရထားလမ်းကြောင်းများမှ ၀င်ရောက်လာနိုင်ကြောင်း၊ဒါအပြင် လူစုခွဲပြီး ဘီးလင်း ၊ကျိုက်ထို ၊ညောင်လေးပင်၊ ထန်းတပင်နှင့် တောင်ငူလမ်းကြောင်းများမှလည်း ၀င်ရောက်လာနိုင်ပါသည်။ အောင်ကိုနိုင် ကျော်သီဟ ရန်နိုင် အပါအ၀င် စုစုပေါင်း (၅)ဦးသည် ကျိုက်ထို ဘူတာတွင် ရထားလက်မှတ်ဝယ်ပြီး မုပ်ပလင်မှ ထွက်ခွာလာရာ တောင်ငူ မရောက်ခင် ကြားဘူတာ တွင် ဆင်းပြီးလမ်းဆင်းလျှောက်ကာ တောင်ငူမြို့သို့ ရောက်ရှိနေကြောင်း၊အဆိုပါဖေါက်ခွဲရေးသမားများသည် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဌာနဆို်င်ရာ ရုံးများအားဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ထားပြီးယခုအခါ နေပြည်တော်သို့ ၀င်ရောက်ပြီး ဘူတာအပါအ၀င် အရေးကြီးအဆောင်အဦများ၊ လူစည်ကားရာ အရပ်များတွင် ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သတင်းရရှိထားပါတယ်။

အောင်ကိုနိုင် ရဲ့ ပုံပန်းသဏ္ဍာန် ကတော့ အသက် (၄၀)နှစ်ခန့် အရပ် (၅)ပေ ၄လက်မခန့် ၊ ဆံပင်ဂုတ်ထောက်၊ အလယ်ခွဲ၊ မျက်ခုံမွှေး ထူ/ရှည်၊ နားရွက်ကား၊မျက်နှာသွယ်ပြီး ရန်ကုန် သံလျှင်ဇာတိဖြစ်ကြောင်း သိရပါတယ်။ ကျော်သီဟ ကတော့ (၄၀)နှစ်ခန့် ဖြစ်ပြီး နှာတံပေါ်၊ မျက်နှာ လေးထောင့် မကျတကျ ဖြစ်ကာ စကားပြောနှေးသူ တစ်ဦး ဖြစ်ပါတယ်။ သက်ထွန်းဆိုသူ အခြားဖေါက်ခွဲ ဖျက်ဆီးရေးသမား တစ်ဦး ကတော့ သက်ထွန်း (၃၁)နှစ် ဖြစ်ပြီး အရပ် ၅ ပေ ၅လက်မ ခန့်ရှိပါတယ်။

၈-၈-၀၈ ရက် မတိုက်ခင် အတွင်း မြန်မာနိုင်ငံမှာ လူထုဆူပူမှု ဖြစ်အောင် လူထု အထိတ်တလန့်ဖြစ်အောင် ဒီလို ဖေါက်ခွဲ ဖျက်ဆီးရေး သမားများက ဆောက်ရွက်သွားရမည် မှာ ၄င်းတို့ ၏ သမိုင်းပေးတာဝန်တစ်ရပ် ပမာ ဖြစ်နေပြီး၊ စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့နှင့် ဟန်ချက်ညီစွာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားအောင် ဆောင်ရွက်သွားရမည်မှာ ၄င်းတို့ အဖွဲ့အစည်းများ၏ တာဝန်ပင်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

3 comments:

Melodeekid said...

မှန်လိုက်တဲ့ သတင်း

Melodeekid said...

မအေလိုး မြတ်ခိုင် လီးပဲ။ မဟုတ်တာတွေ လျှောက်ရေး လီးပဲ မင်းသမီးသာ နအဖကို ပေးလိုးလိုက်ပါတော့ကွာ

Smart Cookie said...

စောက်ရူး ကျိုက်ထို မှာလက်မှတ်ဝယ် မုပလင်မှာ တက် တောင်ငူမှာဆင်း မအေလိုးမင်းရူးနေလား ရထားက ကျိုက်ထို တောင်ငူ တိုက်ရိုက်ရှိလား မင်းပြောနေတာစောက်အဓိပ္ပါယ်တစ်စက်မှမရှိဘူး ခွေးသားအဲဒီလောက်တိကျနေရင်လီးမို့လို့ မဖမ်းနိုင်တာလား စောက်သုံးမကျတဲ့ စစ်တပ် ခွေးစစ်တပ် လီးမြန်မာ့တပ်မတော်