Monday, June 30, 2008

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း

နွယ်သာကီ

၁-၇-၀၈

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ရုံးအတွင်း ယနေ့ ၀၆၃၀ချိန်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသောလည်း အဆောက်အဦး အောက်ထပ် အုတ်နံရံပြိုကျပျက်ဆီး သွားပြီး အောက်ထပ်ရုံးခန်း အတွင်းရှိ စားပွဲ ၃ လုံး ကုလားထိုင် ၇ လုံး ဘီဒို ၂ လုံး တီဗွီ ၁ လုံး တံခါးမကြီး တစ်ချပ် ပြတင်းပေါက် ၄ပေါက်တွဲ ၂ ချပ် ၊ အပေါ်ကြမ်းခင်း ကွာကျ သွားကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်း သိရှိ ရပါတယ်။

ပေါက်ကွဲမှုသည် ယနေ့ နံနက်ပိုင်း လင်းအာရုံ စောစော ကြီးပိုင်း မိုးရွာအားကောင်းနေ စဉ် အစောင့် ကိုစန်းဝင်း သည် က ရုံးရှေ့ စိုက်ခင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေပြီး မောမောနှင့် အပေါ်ထပ် တွင် အိပ်ပျော်နေကြောင်း သိရပါတယ်။ မီးကလည်း ပျက် နေတော့ ရုံးအနောက်ဖက် ပြတင်းပေါက်က ၀င်လာတာကို မသိလိုက်ဘူးဖြစ်နေတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးဝန်ထမ်းများ ပေါ့ဆ မှုကြောင့် နိုင်ငံရေး သိက္ခာကျဆင်း ကြောင်း ရေးသားလိုက်ရပါတယ်။

Sunday, June 29, 2008

သတင်းမှန်သည် သို့သော် ပုံကြီးအလွန်မချဲ့သင့်

သာကီနွယ်

၂၉-၆-၀၈

ပဲခူးတိုင်း အရှေ့ပိုင်း ဒိုက်ဦး မြို့နယ်အတွင်း ရာသီစာများ ကို စားသောက်နေသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျော်စိုးမိုး နှင့် လိုင်းမန်း ကျော်လှ တို့ ၂ ဦး သည် ဆိုင်ကယ်များကိုယ်စီ စီနင်းပြီး ဒိုက်ဦး မြို့နယ်အတွင် ကြိုးဖုန်း များ အလုံး ၂၀၀ ချပေးမည့် အကြောင်း အဆိုပါဖုန်းများကို လိုင်းကြေး ၇ သိန်း ကြိုတင်ပေးရန် အတွက် တယ်လီဖုန်းလျှောက်ထားသူ ၂၀ ဦး ထံမှ ကောက်ခံသွားကြောင်း သိရပါတယ် ။ငွေကြေး တက်နိုင်တဲ့ စီးပွားရေး သမားများ အများဆုံး ရသွားပါတယ်။ ၀န်ထမ်း အခြင်းခြင်းတောင် ငွေ ၇ သိန်း မရက မလုပ်ပေးပါ။ စစ်မှုထမ်းဟောင်း ငွေ၇ သိန်းကြိုတင်ပေးရင် ရမယ် ၊ ကြံ့ခိုင်ရေး ငွေ ၇ သိန်း ကြိုတင်ပေးရင် ရမယ်။ ဘယ်ဝန်ထမ်းမဆို ငွေကြိုတင်ပေးမှ လုပ်ပေးနိုင်မယ်တဲ့ ၊ စီးပွားရေး သမား များကတော့ ငွေ ၇ သိန်းဆိုတာ မပြောပလောက်ပေမယ့် သာမာန် အစိုးရ ၀န်ထမ်းများ အနေနဲ့ ကတော့ ငွေ ၇ သိန်းဆိုတာ ၁၀ လ စာလောက်ရှိပါတယ်။ကြို ဖုန်းတွေလည်း ချပေးရော လက်ရှိ ၀န်ထမ်းအများ စုနဲ့ အငြိမ်း စား ၀န်ထမ်းအများစု ကြားမှာ ရော ကြံ့ခိုင်ရေး အဖွဲ့ဝင်များ ကြားရော လှုပ်လှုပ်လှုပ် ဖြစ်သွားပါတယ်။ ဒါကြောင့် ၂၆ -၆-၀၈ ရက်နေ့မှာ ဆက်သွယ်ရေး ရုံးရှေ့တွင် မြို့ခံလူတွေ ဆူဆူညံ့ညံ့ဖြစ်သွားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီ ပိုက်ဆံ သိန်း ကောက်သွားတဲ့ ကျော်စိုးမိုး နဲ့ ကျော်လှ တို့ ကို မကျေနပ်ကြလို့ပါ။ ခြစားနေတဲ့ ၀န်ထမ်းများကြောင့် လူထုမှ အခက်အခဲ တွေ့သော်လည်း RFA သတင်းမှာ ဖေါ်ပြထားတဲ့ အတိုင်း ကြီးကျယ်ခန်းနား စွာ မဖြစ်ပါ ။ အများဆုံးမကျေနပ်သူများက ပိုက်ဆံ ၇ သိန်း ကြိုတင် မပေးနိုင်ဘဲ သက်ဆိုင်ရာ လမ်းကြောင်းများမှ လိုက်ထားတဲ့သူများ မကျေနပ်ခြင်းသာ ဖြစ်ကြောင်းနှင့် လွဲမှားစွာ လူထုနှင့် အခြားတစ်ဖက်ကို ရန်တိုက်ပေး တက်သော RFA လေသံများ အတိုင်း ပုံကြီးချဲ့ ရေးသားထားခြင်းသာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Friday, June 27, 2008

ကိုယ်ထူမှ ကိုယ်ထ ရမည့် ဧရာဝတီ

သာကီနွယ်

၂၆-၆-၀၈

အရှေ့မြောက်ရာသီလေ ဆုတ်ခွာချိန်၊ အနောက်တောင်မုတ်သုန်လေ အ၀င် ဟန်ချက်ညီစွာ လှုပ်ရှားမှု မရှိတော့ ဘင်္ဂလားပင်လယ်ပြင် အတွင်း လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွင်း မုတ်သုန် အ၀င် မေလ တိုင်းမှာ အနည်းနှင့် အများ မုန်တိုင်း ငယ်လေးများ တိုက်ခိုက်တက်ပါတယ်။ အများအားဖြင့် ရခိုင်ပြည်နယ်မှာ တော့ မေလ ဆိုရင် သတိထားနေထိုင်ရပါတယ်။ ဒီတနှစ် မေလ ကတော့ အားလုံးရဲ့ ရင်ထဲမှာ နာကျင်စေခဲ့ပါတယ်။ မုန်တိုင်းလွန်သော တစ်လ အကြာမှာ ပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပ မှ အလှူရှင်များ ပြည်တွင်းမှ လူမှုရေး အသင်းအဖွဲ့များ အစရှိသည့် ငွေကြေးတက်နိုင်သူများအနေဖြင့် သွားရောက်လှူဒါန်းခြင်းများ ရှိပါသည်။

မြန်မာနိုင်ငံတွင်တိုက်ခိုက်သွားသော နာဂစ်မုန်တိုင်း ပြီးနောက် တစ်လ အကြာတွင် နိုင်ငံခြား အကူအညီများသည် လျော့ပါးသွားပြီး ကနဦး ထောက်ပံ့ငွေ ဒေါ်လာသန်း ၂၀၀ တောင် ပြည့်မှီခြင်းမရှိတော့ပါ။ ဒါကြောင့် ပြည်ပ အားကိုး ပြီး နေလို့ မရပါ။ မိမိပြည်တွင်းအားကိုသာ အားကိုး သွားကာ ကိုယ်ထူမှ ကိုယ်ထရမည့် အခြေအနေသာ ရှိတော့ပါကြောင်း ရေးသားလိုက်ရပါသည်။