Monday, June 30, 2008

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း

နွယ်သာကီ

၁-၇-၀၈

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ရုံးအတွင်း ယနေ့ ၀၆၃၀ချိန်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသောလည်း အဆောက်အဦး အောက်ထပ် အုတ်နံရံပြိုကျပျက်ဆီး သွားပြီး အောက်ထပ်ရုံးခန်း အတွင်းရှိ စားပွဲ ၃ လုံး ကုလားထိုင် ၇ လုံး ဘီဒို ၂ လုံး တီဗွီ ၁ လုံး တံခါးမကြီး တစ်ချပ် ပြတင်းပေါက် ၄ပေါက်တွဲ ၂ ချပ် ၊ အပေါ်ကြမ်းခင်း ကွာကျ သွားကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်း သိရှိ ရပါတယ်။

ပေါက်ကွဲမှုသည် ယနေ့ နံနက်ပိုင်း လင်းအာရုံ စောစော ကြီးပိုင်း မိုးရွာအားကောင်းနေ စဉ် အစောင့် ကိုစန်းဝင်း သည် က ရုံးရှေ့ စိုက်ခင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေပြီး မောမောနှင့် အပေါ်ထပ် တွင် အိပ်ပျော်နေကြောင်း သိရပါတယ်။ မီးကလည်း ပျက် နေတော့ ရုံးအနောက်ဖက် ပြတင်းပေါက်က ၀င်လာတာကို မသိလိုက်ဘူးဖြစ်နေတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးဝန်ထမ်းများ ပေါ့ဆ မှုကြောင့် နိုင်ငံရေး သိက္ခာကျဆင်း ကြောင်း ရေးသားလိုက်ရပါတယ်။

1 comments:

Unknown said...

မီးပျက်တယ်ဆိုတော့ မီးရော လင်းဘူးလို့လား။
မြန်မာနိုင်ငံမှာ မီးရှိလို့လား။ မရှိတဲ့မီးက ပျက်နေတာ ထင်တယ်။ ဟဲ ဟဲ ဟဲ