Tuesday, August 5, 2008

မုဒုံမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်း

နွယ်သာကီ

၅-၈-၀၈

မွန်ပြည်နယ် မုဒုံမြို့နယ်ကျုံပိုက်ကျေးရွာရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် အော်တို အိတ်ချိန်းရုံး အောက်ထပ် လှေကားအနီး (၃၀-၈--၈)ရက်နေ့ ညပိုင်း ၁၁၃၀ ချိန်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါပေါက်ကွဲမှုကြောင့် ရုံးလှေခါး အနီးရှိ ရုံးခမ်း ၃ ခမ်း မှ မှန်များကွဲကျပြီး အခြားထိခိုက်မှုများ မရှိကြောင်း သိရပါတယ်။ပေါက်ကွဲမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာမှာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ အနီး HighExplo Fire –TNT စာတမ်းပါ အရှည်(၁) ပေခန့်ရှိ ယမ်းထုတ် ၄ ထုတ် ၊ ဆီစိမ် စက္ကူဖြင့် ပတ်ထားသော အရှည် ၁၀ လက်မ ခန့်ရှိ ယမ်းပျော့ (၁၁)ထုတ် နှင့် ၉၁ မမ လက်ပစ်ဗုံး စနက်တံ ၂ချောင်း ၊ စနစ်တံမပါ လက်ပစ်ဗုံး တစ်လုံး ၊ အရှည် ၆၀ ကိုက်ရှိ နီ/မဲ ၀ါယာကြိုးရှည် တို့ကို တွေ့ရှိရမိပါတယ်။

အဆိုပါ ပစ္စည်းများပေါင်းစပ်ပြီး ပေါက်ကွဲမှု ကြီးကြီးမားမား ပါသာ ဖြစ်ပေါ်ခဲ့ပါက ရုံး အပြင် ရုံးအနီးဝန်းကျင်ရှိ ရပ်ကွက်အတွင်း ရှိနေအိမ်များပါ ပေါက်ကွဲမှုဒဏ် ခံရမှာဖြစ်ပါတယ်။ ဒီလို သာပေါက်ကွဲပါက သေဆုံးမည့်သူများမှာလည်း မတွေ့ဝံ့စရာပင် ဖြစ်ပါတယ်။ အဖျက်သမား သောင်းကျန်းသူများအနေဖြင့် ၄င်းတို့ လုပ်ရပ်သည် နိုင်ငံတော် အစိုးရ ကို နိုင်ငံရေး သိက္ခာကျဆင်းစေရန် ရည်ရွယ် တိုက်ခိုက်လာခြင်း မဟုတ်တော့ဘဲ အပြစ်မဲ့ ပြည်သူများကို ပါ ရည်ရွယ်တိုက်ခိုက်လာသည်မှာ ပေါ်လွင်ထင်ရှားလာပါတယ်။ ပေါက်ကွဲ မှုကြီးကြီးမားမား ဖြစ်ပေါ်လာခြင်းမရှိခြင်းမှာ နတ်ကောင်းနတ်မြတ်များ ၏ကြည့်ရှုစောင့်ရှောက်ခြင်းကြောင့် ပြည်သူလူထုအား အတိဒုက္ခ မရောက်ခဲံ့ခြင်း သာ ဖြစ်နိုင်ကြောင်းနှင့် သောင်းကျန်းသူများ၏ လုပ်ရပ်အား လုံးဝဆန့်ကျင်ရှုတ်ချကြောင်း ရေးသားလိုက်ရပါတယ်။

1 comments:

Maharburma said...

နွယ်သာကီရေ

၃၀.၈.၈ ဆိုတာ ၂၀၀၈ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့ကို ပြောတာလား မရောက်သေးဘူးလေကွာ။ တစ်ခုခုမှားသွားတာနေလိမ့်မယ် ပြင်လိုက်ပါအုံး။