Tuesday, July 1, 2008

ရေဘေး မှ မလွတ်ကင်းသေးသော ဧရာဝတီ

နွယ်သာကီ

၁-၇-၀၈

နာဂစ်မုန်တိုင်း တိုက်ခတ်မှုနောက်ပိုင်း ဧရာဝတီတိုင်း အတွင်း ရေယာဉ် နစ်မြုပ်မှုများ ၂ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမ တစ်ကြိမ်ကတော့ မေလ ၁၉ ရက်နေ့မှာ ဘိုကလေး မြို့နယ်မှ လေဘေးသင့် ပြည်သူလူထု များ မိမိနေရပ်ကျေးရွာများသို့ ပြန်အပို့ ဘိုကလေးမြို့အထွက် လေပြင်းမိပြီး ရေယာဉ် လေးစီးသည် ကိုင်းတောဝနှင့် ကန်တရာ ဆိပ်အနီး ညနေပိုင်း ၄နာရီလောက်မှာ နစ်မြုပ်မှုကြောင့် လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ယခုတဖန် မြောင်းမြမြို့နယ်အကိတ်ကြီးကျေးရွာမှ ကျေးရွာ ရယက ဥက္ကဌ ဦးမော်လင်း မောင်းနှင်းသော စက်လှေ ဖြင့် ကျေးရွာ မှ တောင်သူ လယ်သမား ၇၀ ဦးခန့် ဟာ မနက်စောစော ၄ နာရီလောက်မှာ မြောင်းမြမြို့ မှ စိုက်ပျိုးစရိတ် ချေးငွေများ သွားရောက်ထုတ်ယူရန် စိးနင်းလိုက်ပါလာစဉ် ရွေးမြစ်အတွင်း ၌ မနက် ၄ နာရီ ခွဲလောက်မှ စက်လှေထဲ ရေ၀င်ပြီး ထိန်းမနိုင်သိမ်းမရဘဲ စက်လှေနစ်မြုပ်သွား ပါတယ်။ ရေယာဉ် နစ်မြုပ်မှုကြောင့် နေခင်း (၁၃၃၀)ချိန် အထိ ရေနစ်သေဆုံးသူ အလောင်း(၉)လောင်း ရှိပြီး ပျောက်ဆုံးနေသူ (၂၀)ဦး ရှိပါတယ်။ ကျန်လူများကတော့ ရေနစ်မြုပ်မှုမှ လွတ်မြောက်သွားပါတယ်။

0 comments: