Monday, July 7, 2008

ပြန်လည်နိုးထလာတော့မည် ဧရာဝတီ
နွယ်သာကီ
၇-၇-၀၈
ဝသန်ကာလ ”
ဝသန်ကာလ ၊မိုးကျတည်လျှင်
ပျော်ပျော်ပါးပါး။ မယားနှင့် ဆွေငယ်လင်
လက်တွဲငယ်ခြေငင်၊ ကိုယ်တွင် အ၀တ်
ပုဆိုး အင်္ကျင်္ီ ၊ စုတ်ပြဲပြီး။
ချည်နီပေါင်း တွတ်တွတ်ကယ်နှင့် လေး။
မိုးရေစွတ်လို့ ၊အ၀တ်ကယ် မပါ
သားသမီး ကို၊ ကိုယ့်ထီးပွေ့လိုသာ
ဆေးတံတစ်ထွာ၊ကိုက်ကာ ထွန်ရင်း
လယ်ကွက်ကယ်တစ်ခွင်၊ ထွန်ရေးငင်
ရေ၀င်ပုဇွန် တွင်းငယ်နှင့်လေး။
ဖါးပေါင်းစဉ်ငယ်၊ ခြင်းပလိုင်ဝယ်
ခရုပီလော ရောနှော၍သာလွယ်
ဟင်းရွက်ကယ်နုနယ်၊
တစ်သွယ်ကန်စွန်း
ဆူးပုတ်ကယ် ကင်းပုံ၊ အလုံးစုံ
ဖူးငုံသာရော၍ ပြွန်းသည်နှင့် လေး။
ဝင်းဖေ ( မြကန်သာ )
နာဂစ်မုန်တိုင်း တိုက်ခတ်မှုနောက်ပိုင်း ဧရာဝတီတိုင်း ရေဘေးသင့်ဒေသများ အတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဓိက တာဝန်အရှိဆုံး သူမှာ နိုင်ငံတော်အစိုးရ ပင် ဖြစ်ပေသည်။ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး ၂ ရက်အကြာ မြန်မာနိုင်ငံပေါ် စာနာ သနားသော နိုင်ငံ တကာသည် နာဂစ်မုန်တိုင်း အလွန် ၂ လကြာလာသောအခါ သတိရခြင်းမရှိတော့ပါ။ မြန်မာနိုင်ငံ ထက်ပိုမိုစိတ်ဝင်စား စွာ အာရုံ စိုက်လာစရာ နိုင်ငံတကာ အရေး များ ပေါ်ပေါက်လာသော အခါ မြန်မာနိုင်ငံ ၏နာဂစ်မုန်တိုင်းနှင့် ဆက်နွယ်နေသော သတင်းများသည် ကမ္ဘာ့သတင်း စာမျက်နှာများပေါ်မှ မှေးမှိန် ပျောက်ကွယ် နေလုဖြစ်နေပါတယ်။ ဆန့်ကျင်ဖက်နိုင်ငံရေး အုပ်စုများမှလည်း နာဂစ် ဒေသများအတွင်း နိုင်ငံတော်အစိုးရ၏လုပ်ဆောင်မှုများထဲမှ အားသာချက်များကို ဖေါ်ကျူးခြင်း စိုးစေ့မျှ မရှိဘဲ ဘယ်လို့ အပြစ်ပြောရမလဲ ဆိုတာ ချောင်းပြီး အပြစ်ရှာကြံကာ အပြစ်ဖို့ယုံသာရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူသားခြင်းစာနာကာ မြန်မာနိုင်ငံသားခြင်း စာနာကာ ထောက်ပံ့ကူညီခြင်းများ မရှိပါ။
တကယ်တော့ မြန်မာများ၏အရေးသည် မြန်မာ့အရေး ဖြစ်ပါသည်။ မည်သူတွေ ကမည်၍ မည်မျှ ကူညီမည် ဟုပြောနေစေကာ မူ၊ မိုးပေါ်မှကျလာမည့် ကျောက်သံပတ္တမြား မိုးမျုားကို မျှော်လင့် နေမည့် အစား ကိုယ်ခြေကိုယ်အားကိုး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ကာ အသက်ရှင်ရပ်တည်ရေး အတွက် မိမိ တို့ လူမျိုးအချင်းချင်း ယိုင်းပင်းကူညီနေသော အထောက်အပံ့များနှင့် နိုင်ငံတော် ၏ ကြည့်ရှုစောင့်ရှောက်မှုများကို အမှီပြုပြီ လုပ်ကိုင်ရမည်မှာ ဧရာဝတီတိုင်းသားများ၏ တာဝန်သာ ဖြစ်ပါသည်။ ပြီးခဲ့သော အတိတ်ကို ပြန်လည် ပူဆွေး သောက ရောက်နေမည်အစား ဘ၀အသစ်အဖြစ် ကျန်ရစ်ခဲ့သောသူများ အနေဖြင့် မိမိလုပ်ကိုင်စရာရှိသည်များကို ရာသီအလိုက်လုပ်ကိုင်ရင်း ဘ၀သစ်များ ပြန်လည် စတင်ရန် အချိန်တန်နေပြီ ဖြစ်ပါတယ်။
ယနေ့ နိုင်ငံတော်အစိုးရ မှ လေဘေးသင့်ဒေသများအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လက်တွန်းထွန်စက် အစီးရေ(၃၀၀၀)ကျော်နှင့် မျိုးစပါးတင်း ပေါင်း သောင်းချီပြီး ပေးပို့ပြီး ဖြစ်ပါတယ် ။ ဒေသတွင်း တောင်သူလယ်သမားများအား လယ်ယာထွန်ယက်စိုက်ပျိုးရေး အတွက် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနမှ တိုင်းနှင့် ပြည်နယ် အသီးသီး လက်တွန်းထွန်စက်များ မောင်းနှင် သော ၀န်ထမ်းများကို အဆိုပါ လေဘေးသင့် ဒေသများသို့ စေလွှတ် ပြီး ကူညီလုပ်ကိုင်စေပါတယ်။ ဒါအပြင် နိုင်ငံသား လုပ်ငန်းရှင်များ မှဝန်ထမ်းများအပါအ၀င် လူမှုရေး အသင်းအဖွဲ့ဝင်များကပါ အဆိုပါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ပါဝင်လုပ်ကိုင်နေတာကို တွေ့ရှိနေရပါတယ်။ နိုင်ငံရပ်ခြားမှ အကူအညီ အထောက်အပံ့များကို မျှော်ကိုးနေမည် အစား မိမိပြည်တွင်းမှ အားများကို ရယူပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားသင့်ပါတယ်။ ကိုယ်ထူမှ ကိုယ်ထ ရမှာ ဖြစ်ပါတယ်။
ဆရာ ၀င်းဖေ( မြကန်သာ) ရဲ့ ကဗျာလေးထဲ ကအတိုင်း အတိတ်က အရိပ်မဲကြီး ကို ဖျောက်ဖျက်ပြီး လယ်ယာလုပ်ခွင်အတွင်း လုပ်စရာ ရှိတဲ့ အလုပ်များကို လုပ်ကိုင်နေခြင်းအားဖြင့် မိမိ မိသားစု ၊ မိမိဒေသ ၊မိမိနိုင်ငံ အတွက်အလုပ်အကြွေးပြုသင့်ပါကြောင်း နှင့် အိမ်မက်များ ကို မျှော်လင့် စောင့်စားနေခြင်း မှ ကင်းဝေးကြပါစေကြောင်း ရေးသားလိုက်ရပါတယ်။

1 comments:

Unknown said...

ပြည်သူ၊ ပြည်သားတွေက တိုင်းပြည်ကိုတင်မကဘဲ စစ်တပ်ကိုပါ ကျွန်ခံနေရတာကို ထပ်ပြီးကျွန်ခံရအောင် ဘယ်လိုစိတ်နဲ့များ ရေးခဲ့တာလဲ။ အလွန်အောက်တန်းကျတဲ့စိတ်ရှိမှ ဒီလိုသတင်းဆောင်းပါးတွေကို ရေးနိုင်မှာပါ။ မင်းဘာကောင်လဲ။ ငါလိုးမသား။ လူစိတ်မရှိတဲ့ကောင်။ တရိစ္ဆာန်နဲ့နှိုင်းရရင်လည်း အနှိုင်းခံရတဲ့အကောင်က နာလိမ့်မယ်။ မအေလိုး