Thursday, July 17, 2008

RFA သတင်းမှားများ

နွယ်သာကီ

၁၆-၇-၀၈

ရန်ကုန်- ကျောက်ကြီး သွားခရီးသည် လိုင်းကား တစ်စီးဖြစ်သော ရွှေခရီး သည် မော်တော်ယဉ်လိုင်းပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်  သတင်းနှင့် ပတ်သက်ပြီး ၁၅ ရက်နေ့ နံနက်ပိုင်း အသံလွှ့င် အစီအစဉ်တွင် ထုတ်လွှင့်သွားရာ ၌ အဆိုပါကားသည် ကြံ့ခိုင်ရေးအဖွဲ့အစ္စည်းပိုင် ကား ဖြစ်ကြောင်း ဒါကြောင့် သောင်းကျန်းသူများမှ ကြံ့ခိုင်ရေး ကိုရည်ရွယ်ပြီး ထပ်မံတိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း ထုတ်လွှင့် သွားပါတယ်။

အမှန်တကယ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှန်ပါသည် ။ သို့သော် အမှန်ကနည်းနည်း ၄င်းတို့ အာဘောများကို ထည့်တာ များများ ဖြစ်သွားပါသည်။

ဆန့်ကျင်ဖက်နိုင်ငံရေး သမားများ၏ သဘောတရားများအတိုင်း မိမိ မလိုလားမနှစ်သက်သော မိမိနှင့် ဆန့်ကျင်ဖက်ဖြစ်သော အဖွဲ့အစည်း(သို့ မဟုတ်) လူုပုဂ္ဂိုလ်များကို အခါအခွင့် သင့်တိုင်း မကောင်း မြင် ဘက်က ကြည့်ကာ ရတုံး နှပ်ထားမှ ဆိုတဲ့ အတွေးများနဲ့ ရေးသားထုတ်လွှင့်သွားခြင်းသာ ဖြစ်ပါတယ်။ သတင်း၏ဇစ်မြစ်ကို ထဲ့ထဲ့ဝင်ဝင် စုံစမ်းမေးမြန်းနိုင်ခြင်းအလျှင်းမရှိ ၊ မိမိထင်ရာ ဇွတ်ပြောတက်သော ပြည်ပရောက်အသံလွှင့် ဌာနများအနေဖြင့် ၄င်းတို့ လိုလားချက်များအတိုင်း လူထု ကို ထင်ရောင်ထင်မှား ဖြစ်စေရန် ၊ လူထုကို သွေးထိုးရန် ၊လူထု ကိုမငြိမ်မသက်ဖြစ်စေရန် တမင်ရည်ရွယ်ပြီး ပြည်ပ နိုင်ငံကြီးများ၏ အကြိုက်ပေး အလိုက်ဆောင် ရေးသားထုတ်လွှင့်ခြင်းများသာ ဖြစ်ပါသည်။ အမှန်တကယ်ရော လူထု တစ်ရပ်လုံး စည်းကမ်းရှိပြီး အေးချမ်းတည်ငြိမ် သော ဒီမိုကရေစီ ရရှိ ရေး အတွက် ကိုယ်တိုင်ကိုယ်ကျ ပြည်တွင်းတွင်ပါဝင်ပြီး လုပ်ဆောင်နိုင်ခြင်း မရှိ၊ ပြည်ပနိုင်ငံကြီးများရဲ့ အောထက်အပံ့ကို တစ်ဖက်တစ်လမ်းမှ အရယူပြီး ရုပ်ပြနိုင်ငံရေး လုပ်စားနေခြင်းမျှသာ ရှိပါတယ်။

ဗုံးပေါက်ကွဲဖြစ်စဉ်တွင် မော်တော်ယာဉ်အမှတ် ၅ခ/ ၃၆၄၄ ၏ ပိုင်ရှင်မှာ ဦး ဆန်နီဖြစ်ပြီး ၄င်းသည် ကြံ့ခိုင်ရေး အဖွဲ့ဝင်တစ်ဦး မဟုတ်ပါ။ ကြံ့ခိုင်ရေး နှင့်လည်း လားလားမျှ မသက်ဆိုင်ပါ။ ၄င်း၏ခယ်မတစ်ဦး ဖြစ်သူ မသန်းသန်းအေး သည်သာ ယခင်လွန်ခဲ့သော (၂) နှစ်ခန့် က ကြံ့ခိုင်ရေး အဖွဲ့ဝင် တစ်ဦး သာ ဖြစ်ခဲ့ပါသည်။ ယခုဗုံးပေါက်ကွဲသည့် ကားနှင့် လားလားမျှ မဆိုင်ပါကြောင်းနှင့် ပြည်ပအသံလွှင့်ဌာနများအား ယုံကြည်ပြီး နားထောင်ပါက လွဲမှားသော အမြင်များကို မြောက်မြားစွာရရှိနိုင်ကြောင်း ရေးသားလိုက်ရပါတယ်။

0 comments: