Monday, July 14, 2008


ပေါက်ပြန်ပြီ ခရီးသည်တင်မော်တော်ယာဉ်ပေါ်က ဗုံး

နွယ်သာကီ

၁၄-၇-၀၈

မြို့ကျောင်း-ဖဒို-ရန်ကုန် အပြင်ရန်ကုန်- ကျောက်ကြီး ခရီးသည်တင်မော်တော်ယာဉ်များပေါ်တွင် မကြာခဏဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း ယခုနှစ်ပိုင်းအတွင်း တွေ့ရှိနေရပါတယ်။ကျောက်ကြီး ဟိုမှာဖက် သံဘို၊ ဘော်စဲခို၊ ပလက်ခို ၊ စောမူပလော၊ လွယ်မူပလော စသည့်ဖြင့် အနက်ရောင် ဧရိယာများအတွင်း ကရင်အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်လှု့ပ်ရှားနေပြီး ၊ ၄င်းတို့နှင့် ဆက်နွယ်နေသော ပြည်တွင်း အဖျက်အမှောက်လုပ်ရပ်များကို ဒိုင်ခံလုပ်နေသော ကျောင်းသားတပ် အမည် ခံ ပြည်ပရောက် တေလေဂျပိုးများ မှ မိမိလူမျိုးခြင်းမစာနာ၊ လူသားခြင်းမစာနာ၊ မိမိ ဆွေမျိုး မိသားစု အသိုင်းအ၀ိုင်း မဟုတ်ရင်ပြီးရော ကွဲခြင်ရာ ကွဲ၊ သေချင်ရာ သေကြပါစေ။ ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ကို လုပ်ကိုင်နေတာဟာ မကောင်းပါဘူး။

ယခုလည်းကြည့်ပါအုံး---------------
မြို့ကျောင်း-ဖဒို-ရန်ကုန် ပြေးဆွဲနေသော “ ရွှေခရီးသည် ” မော်တော်ယာဉ် ပေါ်တွင်ခရီးသွားလုပ်သားပြည်သူ ကျား(၁၄) ဦး မ(၂၁)ဦး စီးနင်းလိုက်ပါလာသော ခရီးသည် တင်ကားပေါ်မှာ ချိန်ကိုက်မိုင်း တင်ပြီး လွှတ်လိုက်တာ ဒီနေ့ မနက် (၈)နာရီ (၀၈ဇူ၁၄ ၀၈၀၀)ချိန်မှာ ၊ ဒိုက်ဦးမြို့နယ် ကောလိယ တံတား ထိပ် အရောက် မော်တော်ယာဉ် မောင်းနှင်းနေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် (၁)ဦးသေပြီး (၁)ဦးဒဏ်ရာရရှိသွားပါတယ်။သေဆုံးသူက တော့ဦးခန့်(ကျောက်တံခါးမြို့နယ်ရှေ့နေ)၊ဘောဂလမ်း၊ကွင်းနောက်ရပ်ကွက်နေထိုင်သူဖြစ်ပြီ ၄င်း၏ထိုင်ခုံအောက်တည့်တည့်မှ ပေါက်ကွဲခဲ့ တဲ့ အတွက်ကြောင့် အောက်ပိုင်းတစ်ခုလုံးကျွေမွသွားပါတယ်။ဒဏ်ရာ ရသူကတော့ ဒဂုံမြို့သစ် တောင်ပိုင်း (၆၅)ရပ်ကွက်မှာ နေထိုင်တဲ့ ဦးပါပါ

ကိုင်း ဘယ်လောက်တောင် ဆိုးသွင်းလာပြီးလည်း စွမ်းအားမြှင့် စစ်သည်တော်များအဖွဲ့ရယ်။

တိုက်ရဲခိုက်ရဲ သတ္တိများရှိပါက တပ်မတော် စစ်စခန်းများကို တိုက်ခိုက်သင့်ပါတယ်။ တပ်မတော် စစ်ကြောင်းများကလည်း လာရောက် တိုက်ခိုက်မည် ဆိုပါက warmly welcome ပါ။ အခုတော့ ဗျာ အပြစ်မဲ့ ပြည်သူတွေကို လုပ်ရက်လေခြင်း။

0 comments: